ကလောမြို့နှင့်အောင်ပန်းမြို့များသို့ သန့်ရှင်းသောသောက်သုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက်  စိတ်ဝင်စားမှုအဆိုပြုလွှာ Expression Of Interest(EOI) စိစစ်ရွေးချယ်

ကလော အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကလောမြို့နှင့် အောင်ပန်းမြို့များသို့ သန့်ရှင်းသော သောက်သုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression Of Interest (EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ၊ စိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားပြီးရှ မ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး၊ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ၊ စိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးစိုင်းထွန်းထွန်းမှ(EOI) ခေါ်ယူရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ၊ (ဒုတိယညွှန်ကြားရေးမှူး) ဦးကျော်မိုးထွန်းက သောက်သုံးရေပေးဝေလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) တင်သွင်းထားသော မဏိဇောတနေလကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေလမှ (Power Point) ဖြင့် ရေပေးဝေရေးလုပ်ငန်းအစီအမံများ၊ တိုးချဲ့ရေပေးဝေရေးအစီအမံများ၊ စီမံကိန်းနှင့်ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုအပေါ် စိစစ်ရေးအဖွဲ့ဝင်များမှ သိရှိလိုသည်များအား ၊ ပြန်လည်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး စိစစ်ရေး အဖွဲ့မှ စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) အား ဖွင့်ဖောက်စိစစ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)