ကျွန်းလှမြို့၌ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ကျွန်းလှ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၆ နာရီခွဲက ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စားအုန်းဆီများ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီ ၅၀ ကျပ်သားကို တစ်ပိဿာငွေကျပ် ၅၂၀၀ ဈေးနှုန်းဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂိုလိကလုပ်ငန်းရှင်များကိုလည်း စားအုန်းဆီများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို