မုံရွာ အောက်တိုဘာ ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် မုံရွာခရိုင်အတွင်းရှိ မိဘပြည်သူများအတွက် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများကို အောက်တိုဘာလ ၁၆ ရက်၊ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန်ကြီး၊ အသည်းရောဂါကု အထူးကုဆရာဝန်ကြီး၊ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး၊ အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီးတို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက် ပြသကြသော ပြည်သူများအား သက်ဆိုင်ရာ ရောဂါများအလိုက် ကျန်းမာရေးသုံး စက်ကိရိယာများဖြင့် စပ်းသပ်ကုသ ဆောင်ရွက်ပေးခဲ့ကြသည်။
ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ လူနာ - ၃၇ ဦး၊ ဦးနှောက်နှင့် အာရုံကြော ရောဂါလူနာ - ၇၉ ဦး၊ အသည်းရောဂါ လူနာ - ၄၁ ဦး၊ နှလုံးရောဂါ လူနာ - ၁၀၀ ဦး၊ အရိုး၊ အကြော၊ အဆစ်ရောဂါ လူနာ - ၁၂၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လူနာ - ၆၅ ဦး၊ အထွေထွေ ရောဂါ လူနာ - ၁၁၂ ဦး၊ အထွေထွေခွဲစိတ်လူနာ - ၂၃ ဦး၊ မျက်စိရောဂါလူနာ ပြင်ပလူနာ - ၁၈၉ ဦး၊ အကြီးစားခွဲစိတ်လူနာ - ၂၀ ဦးနှင့် အသေးစားခွဲစိတ်လူနာ - ၂ ဦး၊ ကလေးလူနာ ၁ ဦး၊ စုစုပေါင်း လူနာ - ၇၈၉ ဦးအား အထူးကုဆရာဝန်ကြီးများက စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရပြီး အောက်တိုဘာ (၁၇)ရက်နေ့ ယနေ့နံနက်ပိုင်းကစ၍ လာရောက်ပြသသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပြီး မည်သူမဆို လာရောက်ပြသ ကုသနိုင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)