ကျုံပျော် မတ် ၆
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့အထိ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယခုနှစ်၌ စာစစ်ဌာန (၁၀)ခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ စာစစ်ဌာန (၁၀)ခုအနက် မြို့ပေါ်စာစစ်ဌာန (၂)ခုပါဝင်ပြီး ကျန်ရှိသည့် စာစစ်ဌာန (၈)ခုမှာ ကျေးရွာ စာစစ်ဌာနများဖြစ်ကြောင်း၊ မြို့ပေါ်စာစစ်ဌာန (၂)ခုမှာ အ.ထ.က (၁) ကျုံပျော်နှင့် အ.ထ.က (၂) ကျုံပျော် စာစစ်ဌာနဖြစ်ပြီး ကျေးရွာစာစစ်ဌာန (၈)ခုမှာ အ.ထ.က (သောင်ကြီး)၊ အ.ထ.က (အထောင်)၊ အ.ထ.က (လှည်းဆိပ်)၊ အ.ထ.က (မိုးကြိုးပစ်)၊ အ.ထ.က (ရေတွင်းရိုး)၊ အ.ထ.က (အင်းရဲ)၊ အ.ထ.က(ဒိုက်ပျက်)နှင့် အ.ထ.က (ရေစခန်း)တို့ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ခြင်း၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်