သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၅၄၂)ဦး ဝင်ရောက်ဖြေဆိုမည်

သဲကုန်း မတ် ၆

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၅၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၂၃၄)ဦး၊ မ(၂၈၃)ဦး စုစုပေါင်း(၅၁၇)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၉)ဦး၊ မ(၁၆)ဦး စုစုပေါင်း(၂၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်၍ STEAMS-1 ဘာသာတွဲတွင် (၁၂၇)ဦး၊ STEAMS-2 ဘာသာတွဲတွင်(၄၁၅)ဦး စုစုပေါင်းအတွင်းအပြင် ကျောင်းသား၊ ကျောင်းသူ(၅၄၂)ဦးဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သဲကုန်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုထားရှိပြီး အ.ထ.က(သဲကုန်း)စာစစ်ဌာနတွင် (၁၈၁)ဦး၊ အ.ထ.က(ပုတီးကုန်း) စာစစ်ဌာနတွင်(၁၀၀)ဦး၊ အ.ထ.က(ဆင်မြီးဆွဲ)စာစစ်ဌာနတွင် (၇၈)ဦး၊ အ.ထ.က(အင်းမ)စာစစ်ဌာနတွင်(၁၈၃)ဦး  ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)