တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကလိန်အောင် မတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့စာစစ်ဌာန၌ ၂ဝ၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်စိုးနိုင်၊ နယ်‌မြေမီးသတ်စခန်းမှဒု-ဦးစီးမှူး ဦးမျိုး‌ဆွေဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်ဦးစီးဌာနမှဒု-ဦးစီးမှူး ဦးမင်းခိုင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံဆရာမဒေါ်‌အေးအေးပြုံးနှင့် ဆရာ/ဆရာမများက ကလိန်အောင်မြို့စာစစ်ဌာနတွင် စာ‌မေးပွဲဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်းအပြင် မီးသတ်ဆေးဘူးများထားရှိမှုနှင့် မီးသတ်ဆေး‌ဘူးများ  သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာသင်ခန်းများ အတွင်း/အပြင် သန့်ရှင်မှုရှိ/မရှိ၊ စာသင်ခုံတန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါကလိန်အောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်‌ဌာနတွင်၂၀၂၃- ၂၀၂၄ခု ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရမည့်ကျောင်းအတွင်းဖြေ -ကျား-၁၂ဦး၊ မ-၂၁ ဦး၊ ပေါင်း- ၃၃ ဦးတို့လည်းကောင်း၊ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အတွင်းဖြေ မ- ၅ ဦး၊ ပေါင်း-၅ ဦး၊ စာစစ်ဖြေစုစုပေါင်း စာရင်းရှိ- ၃၈ ဦးတို့သည် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)