သတင်းများ

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများ Talk Show ကျင်းပ
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center) ၌ ကျင်းပခဲ့သည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ငွေဆောင်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.ကငွေဆောင်၊ မြယမုံအဆောင်တွင် ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၀၉:၃၀)က မိုးဦးပန်းခန်းမ၌ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာငွေ များကို ယမန်နေ့ နံနက်ပိုင်းမှစ၍  ထုတ်ပေး​လျက်ရှိသည်။
မဟာအောင်မြေမြို့နယ်၌ သက်ကြီးဘိုး၊ဘွားများအား လစဉ် အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ ကျင်းပ
Jul 21,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၀)စုအနက် (၃၆)စုအား (၁၁)ကြိမ်မြောက်အဖြစ် ဆန်၊ဆီ၊ကြက်ဥ၊ဆပ်ပြာအ‌မွှေးခဲနှင့် ငွေသားများကို ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jul 21,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဥ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ် သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ မြို့မစျေးရှေ့၌ သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှဝန်ထမ်းမိသားစုများ၏ သား၊သမီးများအား ပညာသင်အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ သူများနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊  စည်းကမ်း၊ စံတန်ဖိုး အရည်အချင်းစစ်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်တွင် နွေစပါးစံကွက်ရိပ်သိမ်းရာ တစ်ဧက (၁၂၆.၂၉)တင်း ထွက်ရှိ
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဥ္ဇယျကျေးရွာအုပ်စု၊ နတ်စိမ်းကျေးရွာရှိ၊ ကွင်းအမှတ် ၄၅၃၊ တောင်သူ ဦးညီညီဝင်း၏ နွေစပါးစိုက်ခင်းအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းခဲ့ကြသည်။