ဆိပ်ဖြူ မတ် ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲကို စာဖြေဌာန (၂) ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖြေဌာနအသီးသီး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်ပညာရေး မှူးရုံးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာဖြေဌာနအသီးသီးတို့အား မီးဘေးလုံခြုံရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုအခြေအနေများ ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ဆောင်ရွက်ထားရှိမှုနှင့် သောက်သုံးရေကန်များ၊ သန့်စင်များ သန့်ရှင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲကို စာဖြေဌာန(၂)ဖြင့် ဘာသာတွဲသုံးခု ဖြေဆိုရန်စာရင်းရှိ အတွင်းဖြေဆို ကျောင်းသား/ကျောင်းသူ (၂၂၀) ဦး၊ ပြင်ပဖြေဆိုကျောင်းသား/ ကျောင်းသူ (၉၇) ဦး စုစုပေါင်း (၃၁၇)ဦးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာစာဖြေဌာန အသီးသီး၌ ဖြေဆိုခွင့်ကဒ်များထုတ်ပေးခြင်း၊ ဖြေဆိုရမည့် ခုံအမှတ်အမည်များကို အသိပေးကြော်ငြာထားရှိကြောင်း၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)