ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး မတ် ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ကန်နီပေါက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်ဖြည့်ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို မတ် ၄ ရက်၊ နံနက် ၉နာရီအချိန်က ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဌာနက ကြီးကြပ်ကာ ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်ဖြည့်ကမ်းထိန်းနံရံတည် အလျား (၉၀၀)ပေလုပ်ငန်းအား နွေဦးနေခြည်ကုမ္ပဏီမှ ကျပ်(၉၃.၆၀၅) သန်းဖြင့် တာဝန်ယူတည်ဆောက်သည့်နေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း