မအူပင်မြို့တွင် (၄၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီး ကျင်းပ

မအူပင် မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၄၇)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီးကို ယနေ့မွန်းလွဲ(၁)နာရီက အမှတ် (၄)ရပ်ကွက် မြို့လယ် ကျောင်းတိုက်ရှိ မဟာအတုလသကျသီဟချမ်းသာကြီး ဘုရားတန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ပြည်ထောင်စု ပရိယတ္တိစာသင်တိုက်ကြီး၏ ဆရာတော် ဦးဝိစိတ္တမှ စာမေးပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ကြားပြီး မြို့နယ်အတွင်းရှိ သုဓမ္မာစာသင်တိုက် (၃၅)တိုက်မှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများမှ ရေးဖြေစာမေးပွဲနှင့် ပါဠိ-အနက် အဆိုပါ ဝိနယာဓိက စာမေးပွဲကြီးအား တပို့တွဲလပြည့်ကျော် (၈)ရက်မှ (၁၂)ရက်နေ့ထိ (၅)ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာ အကြီးတန်း(၅)ပါး၊ အလတ်တန်း(၁၅)ပါး၊ အငယ်တန်း(၃၅)ပါး၊ အခြေပြုမူလတန်း (၁၀၀)ပါး၊ ဘိက္ခူမူလတန်း(၁၅)ပါးနှင့် ပါဠိ-အနက်အာဂုံပြန် အပါး(၁၀၀) ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)