နတ်မောက် မတ် ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/သူ စုစုပေါင်း(၁၅၁)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)စာစစ်ဌာနတွင် ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/သူ အတွင်းဖြေ(၁၀၄)ဦး၊ အပြင်ဖြေ(၄၅)ဦးနှင့် စစ်ရှောင်(အတွင်းဖြေ)(၂)ဦး စုစုပေါင်း(၁၅၁)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အတွင်းဖြေ ကျောင်းသား/သူများက မိမိတက်ရောက်နေသည့် ကျောင်းများတွင်ထုတ်ယူကြပြီး အပြင်ဖြေဆိုမည့် ကျောင်းသား/သူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
လှဝင်း