ကိုကိုးကျွန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကိုးကိုးကျွန်း ဇူလိုင် ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ယမန်နေ့ နေ့လယ် ၁းဝဝ နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ဝန်ထမ်းများ စာဖတ်စွမ်းရည်ပြည်ဝစေရေး အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ မိမိစာကြည့်တိုက်သို့ ရောက်ရှိလာသော စာငှား၊ စာဖတ် ပရိတ်သတ်များအား အခက်အခဲမရှိ ကူညီနှိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား စဉ်ဆက်မပြတ် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် တန်ဘိုးရှိသောနေ့ စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်း ဖတ်ကြားဆွေးခဲ့ကြောင်း သိရှိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)