နတ်မောက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဈေးရပ်ကွက် ရွှေကြာလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂၃.၁၂)သန်းဖြင့် ဈေးရပ်ကွက် ရွှေကြာလမ်းတွင် လမ်းအရှည် (၁၉၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ လမ်းမကြီးအား ကျောက်ချောခင်းခြင်း လုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာမှ ကြီးကြပ်၍ အငယ်တန်း အင်ဂျင်နီယာတို့မှ လုပ်ငန်းပိုင်း အရည်အသွေးပြည်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လှဝင်း