သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီမိသားစုက ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်လှူဒါန်း
Mar 21,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် 230 KV ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းနေရာပြောင်းရွှေ့ခြင်းနှင့် တာဝါတိုင်အသစ်စိုက်ထူခြင်း(Diversion)လုပ်ငန်း၊ တာဝါတိုင်အဟောင်းပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Mar 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် ဌာနဆိုင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပခဲ့သည်။
သုံးခွမြို့နယ်၌ ကလေးကစားစရာ အရုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေး ကစားစရာအရုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သုံးခွမြို့မဈေးကြီး အတွင်းရှိဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(တတိယနေ့) သင်္ချာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Mar 20,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့)သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား လာရောက်ကြည့်ရှုအားပေး
Mar 20,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ
Mar 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီ(၉၀၅၀)ဧက စိုက်ပျိုးခဲ့ပြီး (၁၈၀၀၀၀)ပိဿာထွက်ရှိ
Mar 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲမျိုးစုံ၊ ငရုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကွမ်း၊ ငှက်ပျော၊ သရက်၊ ရှောက်၊ သံပရာ စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကြက်သွန်နီ(၉၀၅၀)ဧက စိုက်ပျိုးခဲ့ပြီး(၁၈၀၀၀၀)ပိဿာထွက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Mar 20,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ယွန်းတန်းရပ်ကွက်၊ (အ.မ.က) သဲတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့သည်။