သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်း ကျေးရွာအုပ်စုတွင် နေအိမ် (၁)လုံးပြို၊ အမိုးလန်(၁)လုံး ပျက်စီး

သာပေါင်း ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့နံနက် ၁၀ နာရီက ဘုရားကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျ၊ အမိုးလန်(၁)လုံး ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့သို့ မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်း ကျေးရွာအုပ်စု၊ဘုရားကုန်း ကျေးရွာတွင် ဦးဇော်ထွန်းဦးနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊အမျိုးသမီး(၂)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း(၁၆'×၁၈'×၁၈')နေအိမ် ပြိုကျပျက်စီး၊ ဦးသိန်းဝင်း နေထိုင်ရာ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း(၁၆'×၁၈'×၁၈')နေအိမ် အမိုးလန်ပျက်စီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့်၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းကူညီ စီစဉ် ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး