သတင်းများ

မင်းဘူး(စကု)မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော
Jul 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်  အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကာ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဘေးသင့်ပြည်သူများအား ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်ကျင်သန့်ရှိရေးများလုပ်ငန်း သိရှိလိုက်နာပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့်အခြေခံပညာဦးစီးဌာန၊ ကျောင်း ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံက်ပိုင်းက လယ်ပြင်၊ ရေဦး၊ ကုန်းမြင့်သာ၊ ရွှေကူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်း 
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)သည် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က တိုက်ကြီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့၌ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပ
Jul 26,2025
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များတွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့မပိုးကရင်ခရစ်ယာန်နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ခရစ်ယာန်အသင်းတော်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အောင်ပန်းမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jul 26,2025
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်မပင်ရပ်ကွက်နှင့် မွန်းလွှဲ ၂ နာရီက မိုးကောင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။