မိုင်းနောင် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ သိရှိလေ့လာနိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ မြို့အတွင်းဖြတ်သန်းသွားလာနေသော ခရီးသည်များ၊ မိဘပြည်သူများနှင့် ဒေသနေတိုင်းရင်းသားများအားလုံး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအားလေ့လာ သိရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ် ကြောင်းသိရှိရသည်။
ယခုဖြန့်ဝေသော လက်ကမ်းစာစောင်တွင် ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့်၊ ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များကို ဖော်ပြပေးထားကြောင်းသိရှိရသည်။
မနန်း(မိုင်းနောင်)