မြန်အောင် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားနည်း (၅)မျိုးအား (၅-၃-၂၀၂၄) ရက်နေ့မှ (၃-၄-၂၀၂၄) ရက်နေ့အထိ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား ၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားက စားသင်တန်းများအဖြစ် ဗိုဗီနန်၊ ဘောလုံး၊ အေရိုးဗစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်သင်တန်းများကို မတ်လ (၅) ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားကွင်း၊ မြို့နယ်အားကစားခန်းမနှင့် မြို့ရွှေကျောင်းတို့တွင် အားကစားသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးတွင် ဆက်သွယ်စာရင်း ပေးသွင်း၍ အခမဲ့ သင်တန်းတက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထက်ဝေလှိုင်ထံမှ သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)