မြောင်းမြမြို့နယ်တွင် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများ‌အား ထောက်ပံ့‌ငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မြောင်းမြ   မတ် ၁၀

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တတိယသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက်ကလေးများ‌အား ထောက်ပံ့‌ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့‌ နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၁၀၉၈) ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃၂၉၄၀၀၀၀) ကျပ်၊ MCCT ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများ စုစုပေါင်း (၆၀၅၇) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၉၀၈၅၅၀၀၀) ကျပ်နှင့်၊  ပထမသုံးလပတ် ထပ်တိုး ကိုယ်ဝန်ဆောင်မိခင် (၅၆၆) ဦးနှင့် အသက် (၂) နှစ်အောက်ကလေး (၃၄၈) ဦး စုစုပေါင်း (၉၁၄) ဦးအတွက် ထောက်ပံ့ငွေ (၃၅၃၄၀၀၀၀) ကျပ်တို့အား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 အဆိုပါ ထောက်ပံ့ငွေများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ဘိုဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)