လပွတ္တာ ဇူလိုင်၂၈
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့”ဆိုသည့်ဆောင်ပုဒ်အတိုင်း လပွတ္တာမြို့နယ် အတွင်းရှိအခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Sinopharm) ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေး အမျိုးအစားမှာ Sinopharm အမျိုးအစား ဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီသူများအား ဒုတိယအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံပြီးသူများအား တတိယအကြိမ်နှင့်တတိယအကြိမ်ထိုးနှံပြီး သူများအား စတုတ္ထအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခရိုင် ပြန်/ဆက်