တောင်ငူ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည့်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က “စားနပ်ရိက္ခာဖူလုံရေး၊ မိုးစပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများအား အထွက်တိုးမည့် မျိုးများကို ရွေးချယ်စိုက်ပျိုးပြီး ပိုမိုအထွက်တိုးရေး အလေးထားဆောင်ရွက်ရန်၊ မွေးမြူရေး ကဏ္ဍတွင် ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရန်နှင့် လယ်ယာမြေ စိုက်ဧကများတွင် သုံးသီးစားစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)