ကန်ကြီးထောင့်မြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များသွား‌ ရောက်ငှားရမ်းပေး

ကန်ကြီးထောင့် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယမန်နေ့ နေ့လည် (၁)နာရီအချိန်က မြို့နယ်အတွင်းရှိဌာန ဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်၊ စာစောင်များကို သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို စာပေနှင့်မဝေးကွာ လိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေး တို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များကို သွားရောက် ငှားရမ်း ပေးခြင်းဖြစ်သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ /ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင် (ပြန်/ဆက်)