ထန်ပါခွေ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၏ ဒေသထွက်သီးနှံဖြစ်သော ဂေါ်ဖီထုပ်သီးနှံများ လှိုင်လှိုင်ထွက်ရှိပြီး ဒေသခံပြည်သူများအတွက် အပိုဝင်ငွေများရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိမိတို့နာဂဒေသသည် တောင်ကုန်းတောင်တန်းများပြားပြီး မြေပြန့်လွင်ပြင်နည်းပါးလှသည်။ ထို့ကြောင့်စိုက်ပျိုးရေး လုပ်ငန်းမှာလည်းအားနည်းတယ် မခွာလယ်ကျေးရွာမှာတော့ ယာခင်းလုပ် စားမယ့်နှုန်းမြေစံတဲ့မြေ ပြန့်နည်းနည်းရှိတော့အဆင်ပြေတယ်၊ ဂေါ်ဖီထုပ်ကို မခွာလယ်ကနေ ထန်ပါခွေမြို့ကို အဓိကထားသွားရောင်းကြတယ်၊ အထုပ် အကြီး၊ အသေး အရွယ်အစာပေါ်မူတည်၍ (ကျပ် ၂၀၀၀-၃၀၀၀-၄၀၀၀) နှုန်းအထိရတယ်၊ ခန္တီးမြို့ ကိုတော့ရောက်တာနည်းပြီး ကားသွားလာသည့်အချိန်မှပို့ဖြစ်ကြတယ်ဟု မခွာလယ်ကျေးရွာနေ ယာခင်းလုပ်ကိုင်သူ ဦးချေတီက ပြောသည်။
အလန်(ထန်ပါခွေ)