ငပုတောမြို့နယ် ဇီးချိုင်အုပ်စု၌၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်‌ဝေလင်းနှင့် အဖွဲ့ လာရောက်ကြည့်ရှုအားပေး

ငပုတော မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဇီးချိုင်ကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မ‌တော်နယ်လှည့်ဆေးကုကသရေးအဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ လာရောက်ကြည့်ရှုအားပေးခဲကြသည်။

ထို့နောက် အနောက်တောင်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့်အဖွဲ့သည် ဆေးကုသမှုဆိုင်ရာ အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့် ခံတွင်းရောဂါများကို  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေမှုကိုလည်ကောင်း၊ ခွဲစိတ်ကုသရန် လိုအပ်သူ အကြီးစားခွဲ စိတ်လူနာများနှင့် မျက်စိခွဲစိတ်လူနာများတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးနေမှုနှင့် ECG ဖြင့် နှလုံးစမ်းသပ်လူနာနှင့် ဓာတ်ခွဲစမ်းသပ်လူနာများကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှု့အားပေးခဲ့ကြပြီးနောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)