ကျိုက်လတ် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်စက် လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်၊ စပါး ဈေးနှုန်းနှင့် ဈေးကွက်အခြေ အနေများကိုလေ့လာ စုံစမ်းခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်