ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဂန့်ဂေါ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန အနေဖြင့် အဘိတ်ဆေးခတ်ခြင်းများကို စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ နှင့် မြို့ပေါ် ရပ်ကွက်များသို့ အလှည့်ကျစနစ်ဖြင့် ဆေးခတ်ရန်လိုကြောင်း၊ ပညာရေးဌာနအနေဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်လျှင်တစ်ကြိမ် စာသင်ကျောင်းများတွင် အလှည့်ကျစီဖွင့်လှစ်သွားရန်၊ စိုက်ပျိုးရေးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ မိုးစပါးအထွက်တိုးရန်နှင့် ဆီထွက်သီးနှံများအား အထွက်တိုးမည့်မျိုးများကို ပိုမိုအထွက်တိုးရေး အလေးထားဆောင်ရွက်ရန်နှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြား သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)