မိုးမောက်မြို့၌ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 30,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် အထက်ဌာနများ၏ ညွှန်ကြားချက်အရ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ဦးဆောင်မှုဖြင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာမိုးလူမှုကူညီရေးအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၈၀) ဦး ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးကို ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီတွင်ပြုလုပ်ခဲ့သည်။