သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်
Jul 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက် သီးနှံအမျိုးမျိုး၊ ငရုပ်၊ ဝါ၊ ပြောင်း၊ နနွင်း၊ ကျွဲနွားစာနှင့် ဟင်းသီးဟင်းရွက်များစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်
Jul 31,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်း အနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲ(၁)နာရီခွဲတွင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၊ ၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉:၃၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။
မိုင်းလုံမြို့တွင် နယ်မြေခံတပ်ရင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇော ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ မိုင်းလုံမြို့အတွင်းရှိ ဘုန်းကြီး‌ ကျောင်းများတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ‌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ဘုရားပန်းဈေးကွက်သို့ နှင်းပန်းများဝင်ရောက်
Jul 31,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးရှိ ဘုရားပန်းဈေးကွက်သို့ ဒေသတွင်းစိုက်ပျိုးထားသည့် နှင်းပန်းများဝင်ရောက်နေပြီဖြစ်သည်။
သရက်မြို့၌ ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေ
Jul 31,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်း သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက် ၊အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက် (၇း၀၀)နာရီအချိန်က အမှတ်(၃)ရပ်ကွက် ငွေကြာရံပရိယတ္တိစာသင်တိုက်၌ အဘိတ် (abate) ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို
မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးမှုစိုက်ဧကမှန် ကန်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု‌ ကော်မတီအဖွဲ့ဝင်များနှင့်တောင်သူများအား တွေ့ဆုံဆွေးနွေး
Jul 31,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံစိုက်ပျိုးရာတွင် စိုက်ဧက မှန်ကန်ရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေး‌နွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ဦး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။