တောင်ကုတ် ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စာသင်တိုက်ရှိ သံဃာတော်များ ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် သာသနိကအဆောက်အဦများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၈)နာရီက ချောင်းကောက်ရပ်ကွက်ရှိ ပညာလင်္ကာရကျောင်း၊ သိမ်တောင်ရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်၊ စိတ္တသုကျောင်းတိုက်၊ မဟာဝိဟာရတောရကျောင်းနှင့်ကံပိုင်ရပ်ကွက်ရှိ မိဂဒါဝုန်တောရကျောင်းများတွင် ပြုလုပ်ခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ရောက်ရှိကာ ဝါဆိုသံဃာတော်များ၏ လိုအပ်ချက်များကိုလျှောက်ထားပြီး ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြသည်။
တောင်ကုတ်မြို့နယ်၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ အဖွဲ့(၅)ဖွဲ့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းများကို ဇူလိုင်လ(၂၇) ရက်နေ့မှ (၃၁)ရက်နေ့ထိ မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း(၂၄) ကျောင်း၌ ကုသိုလ်ပြုဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်