သတင်းများ

တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 30,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခတ်ချို ကျေးရွာ အထက်ပိုင်းရှိ တိုင်းလေးစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး တည်ဆောက် ဆဲခန်းမတွင် ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ဆရာတော်ကြီး(၁၀)ပါး ကြွရောက်တော်မူကာ ဦးအေးကြင် ကပြည်နယ် တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးဆန်းပွန်၊ ပြည်နယ်တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးကြင်၊ ဝိုင်းမော်မြို့နယ် တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးခေါင်ဇယ်နှင့် ကော်မတီ ဝင်များ၊ ခတ်ချို ကျေးရွာနေ တိုင်းလေမျိုးနွယ်စုမှ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့၌ စက်မှုဝန်ကြီးဌာနမှ စပါးခွံလောင်စာသုံး Gasifier စက်ရုံအားကြည့်ရှုစစ်ဆေးခြင်း အခမ်းအနားကျင်းပ
Jul 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ၊ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်ဦးရဲမြင့်၏ လုပ်ငန်းခွင်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စက်မှုဝန်ကြီးဌာနမှ စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifier Power Plant) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားအား ဒိုက်ဦးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ ဆုတောင်းပြည့်နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Jul 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ နေပြည်တော် နဂါးရုံတစ်ထောင် စမတောင်ဆရာတော် ဒေါက်တာဦးဝံသသီရိ အရှင်သူမြတ်ကြီးမှူး၍ (၇)ရက်သားသမီး အများကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်သော မင်းဘူးမြို့ ဆုတောင်းပြည့် နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ရိပ်သာဝန်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၊ သာသနာ့ဟိတကာရီသီလရှင်သင်မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်သင်မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက သာသနာ့ဟိတကာရီ သီလရှင်စာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နေ့စဉ်ယောဂလာရောက် လေ့ကျင့်သူများဖြင့်စည်ကား
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အားကစားခန်းမတွင် နေ့စဉ် ယောဂလာရောက် လေ့ကျင့်သူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၊ လွယ်ဝိန်းဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မန်အိုင်ကျေးရွာအနီးရှိ လွယ်ဝိန်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့နယ်တွင် မျိုးစေ့ထုတ်စံပြစိုက်ကွက်နှင့် စိုက်နည်းစနစ် ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဆုံကွယ်ကျေးရွာအုပ်စု ရေပူစမ်းစိုက်ကွင်းတွင် မှော်ဘီကောက်ညှင်း မွှေးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွက်နှင့် စိုက်နည်းစနစ်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုတို့ကို ကြည့်ရှုအားပေး
Jul 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခွဲက တောင်မြို့ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြောင်း သိရသည်။