မိုးမောက် ဇူလိုင်လ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် အထက်ဌာနများ၏ ညွှန်ကြားချက်အရ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ဦးဆောင်မှုဖြင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာမိုးလူမှုကူညီရေးအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၈၀) ဦး ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးကို ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို အလင်းကောင်ရပ်ကွက်နှင့် ကြေးနန်းရပ်ကွက်များရှိ ချမ်းမြေ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်း၊ မန္တလေးဘုန်းတော်ကြီးကျောင်း၊ နိသောကာရာမ ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းဝန်းအတွင်းရှိ ဘုရားရင်ပြင်တော်နှင့် ကျောင်းပရဝဏ်အတွင်း/အပြင်တို့တွင် အမှိုက်လှဲခြင်း၊ မြက်ပင်များရှင်းလင်းခြင်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)