ဒေးဒရဲမြို့၌ ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ တရားမဝင်ဘေးတွဲဆိုင်ကယ်များ စီးဆင်းမောင်းနှင်မှုမရှိရေးနှင့် မော်တော်ရေယာဥ်များတွင် သတ်မှတ်ရောင်ပြန်စတစ်ကာများ တပ်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ () နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ​ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့နယ်အတွင်းတွင် ဘေးတွဲယာဥ်များနှင့် လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးယာဥ်များ ပြေးဆွဲလုပ်ကိုင်နေမှုအား​ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ကျေးရွာများသို့ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဥ်များ သတ်မှတ်ရောင်ပြန်ပြားများ တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာသူများက ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရေယာဥ်များ အန္တရာယ်ကင်းရှင်စွာ ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း