သတင်းများ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆို
Jul 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန် သတ်မှတ်ထားသော စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါ သီးနှံစိုက်တောင်သူများအား မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Jul 30,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာခန်းမတွင် ချည်မျှင်ရှည်ဝါသီးနှံမျိုးစေ့ အခမဲ့ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ‌သေးသည့် ကလေးငယ်များအား Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေး
Jul 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရ​သေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက (၁၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ Mobile စနစ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်များအား လိုက်လံစိုက်ထူ
Jul 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းထောင့်၊ မင်္ဂလာဒီပရပ်ကွက်၊ နေပြည်တော်ဘူတာကြီးရှေ့၊ သံလွင်လမ်းမကြီး၊ သံလွင်လမ်းမကြီးနှင့် ယုဇနလမ်းထောင့်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ထုံးဖိုမီးပွိုင့်လမ်းဆုံနှင့် တပင်ရွှေထီးရပ်ကွက်၊ ကုတင်(၃၀၀)သစ်တောလမ်းထောင့်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေးအတွက် Quick Win အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပေးခြင်းဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလျား ၄ ပေ၊ အနံ ၃ ပေ ဆိုင်းဘုတ်များအား ယနေ့မွန်းလွဲပိုင်းက စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့ မြို့ဦးစေတီဘုန်တော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 30,2023
မြို့ရွာသန့်ရှင်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူး‌ပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် ၈ နာရီက ဖားကန့်မြို့၊ မြို့ဦးစေတီဘုန်းတော်ကြီး ကျောင်းဝင်အတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမအကြိမ်) ဆင်းပွဲကျင်းပ
Jul 30,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမအကြိမ်) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့နယ်၊  ပင်လိန်(အရှေ့)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့တွင် အမျိုးသားစာပေဆုရ(လူငယ်စာပေဆု) စာရေးဆရာ အကြီးကိုကို(ကသာ)၏ “အနာဂတ်အတွက် စာဖတ်ပါ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပ
Jul 30,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမျိုးသားစာပေဆုရ (လူငယ်စာပေဆု) စာရေးဆရာ အကြီးကိုကို(ကသာ)မှ “အနာဂတ်အတွက် စာဖတ်ပါ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ဇူလိုင်(၂၈)ရက် နံနက်(၉)နာရီခွဲမှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ဒေါဝါးရေတံခါးအတွင်းသို့ ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်
Jul 30,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများတိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဒေါဝါးကျေးရွာအုပ်စု ဒေါဝါးရေတံခါးအတွင်းသို့ ငါးသားပေါက်ကောင်ရေ ​လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။