မုဒုံ ဇူလိုင် ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီးတွင် (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ က မဟာမြတ်မုနိဓမ္မာရုံ ကျင်းပသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ဘုရာရှိခိုး၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး ကန်ကြီးစေတီတော် သြဝါဒါစရိယ ဓမ္မရာဇိန်ကျောင်းဆရာတော်ကြီးထံမှ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့သူမြို့သားများက သီလတော်မြတ်ခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဘုရားပုရဝုဏ်အတွင်းရှိ ဥဒ္တိသမြတ်ဗုဒ္ဓ ရုပ်ပွားတော်အဆူဆူထံ ဆက်ကပ်ပူဇော်မည့် ဝါဆိုကြာသင်္ကန်းတော်မြတ်များနှင့် သံဃာ့ဂုဏ်ရည်မှန်းကာ သြဝါဒစရိယဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းနိုင်ရန် ဆရာတော်ကြီးများက ရွတ်ဆိုတိုင်ကြားပေးပြီး ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူ ဒါန်းခဲ့သည်။
ထို့နောက် သြဝါဒစရိယဆရာတော်ကြီး(၁၃)ပါးထံမှ ပရိတ်တရားတော်မြတ်ရွတ်ဖတ် ချီးမြှင့်ပေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အားရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)