ဖားကန့် ဇူလိုင် ၃၀
မြို့ရွာသန့်ရှင်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် ၈ နာရီက ဖားကန့်မြို့၊ မြို့ဦးစေတီဘုန်းတော်ကြီး ကျောင်းဝင်အတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများ စိတ်နှလုံးပျော်ရွှင်စွာ တရားဘဝနာပွားများစေရန် ရည်ရွယ်၍ဘု ရားစေတီနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ခြုံနွယ်မြက်ပင်များ၊ အမှိုက်များ၊ အကိုင်းအခက်များနှင့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စေတီရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားစေတီများ ရေသပ္ပါယ်ခြင်းနှင့် ပန်းဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့လာတူ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများအတွင်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)