ပန်းတနော် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများတိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဒေါဝါးကျေးရွာအုပ်စု ဒေါဝါးရေတံခါးအတွင်းသို့ ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးဦးမြသိန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်ဟိတ်ငါးသားပေါက်စခန်းမှ တာဝန်ရှိသူများက ငါးခုံးမကြီးကောင်ရေ ၁ သိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ ၂ သိန်း၊ ရွှေဝါးငါးကြင်ကောင်ရေ ၅ သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၄ သိန်းတို့ကို ဒေါဝါးကျေးရွာ ရေတံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)