သတင်းများ

မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကျင်းပ
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းဝောာ်ရာစေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိ
Aug 01,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၄၁)ကြိမ်မြောက် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားကျင်းပပြုလုပ်
Aug 01,2023
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှကြီးမှူး၍ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ယနေ့နံနက်(၇)နာရီအချိန်က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ (၄၁)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုး
Aug 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု ညွှန့်ပင်ကျေးရွာတွင် ဂန္ဓာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲပြုလုပ်
Aug 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်စံပြကွက် (၃၅၀၀)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဒေါင်းမြူးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ် ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား
Aug 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကောင်းမှုဒါန ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
မိုင်းရှူးမြို့နယ်တွင် သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲသည့် ဦးစီးဌာန(ရုံးချုပ်)‌နေပြည်တော်မှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နေခြည်ဆွေငြိမ်းနှင့် ၀န်ထမ်းများက သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲရာတွင် တိကျမှန်ကန်စေရေးအတွက် မိုင်းရှူးမြို့နှင့် မိုင်းစံမြို့များရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာနှင့်နယ်မြေများ၏ အိမ်ခြေ၊ အိမ်‌ထောင်စုလူဦးရေများ နယ်‌မြေအလိုက် ပိုင်းခြားရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မိုင်းရှူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင်  ဝါဆိုလပြည့်ဓမ္မစကြာနေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ
Aug 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။