မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကျင်းပ

မောက်မယ် သြဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါဆိုဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲတွင် မြို့နယ်စုပေါင်းရုံး ရှေ့၌ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ဒေသခံ ပြည်သူများတို့ကမြို့ပေါ်ရှိဘုန်းကြီးကျောင်း(၂၇)ကျောင်းနှင့်ကျေးရွာအုပ်စုရှိဘုန်းကြီးကျောင်း (၁၀)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များရဟန်းသံဃာတော်များ မြို့နယ်အတွင်းရှိ မြို့နယ်သံယာ့ နာယကဥက္ကဋ္ဌ ဆရာတော်နှင့်သံဃာတော်များ (၂၀၀)ပါးခန့်တို့အား ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများစည်ကားသိုက်မြိုက်စွာ စေတနာသဒ္ဒါတရား အားထက်သန်စွာဖြင့် လှူဒါန်းမှုအစုစုတို့ အတွက် အလှူရှင်များကဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလောင်းလှူခဲ့ကြောင်း သိရသည်။   

စိုင်းမျိုးသန့်(ပြန်/ ဆက်)