မိုင်းရှူးမြို့နယ်တွင် သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မိုင်းရှူး သြဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲသည့် ဦးစီးဌာန(ရုံးချုပ်)‌နေပြည်တော်မှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နေခြည်ဆွေငြိမ်းနှင့် ၀န်ထမ်းများက သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲရာတွင် တိကျမှန်ကန်စေရေးအတွက် မိုင်းရှူးမြို့နှင့် မိုင်းစံမြို့များရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာနှင့်နယ်မြေများ၏ အိမ်ခြေ၊ အိမ်‌ထောင်စုလူဦးရေများ နယ်‌မြေအလိုက် ပိုင်းခြားရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မိုင်းရှူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ တိုက်နယ်မှူး ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးများ ပူး‌ပေါင်း၍ သန်းခေါင်စာရင်းယူနစ် (Census Unit) ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့်အတူ မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်း၍ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)