ကျောက်ဆည်မြို့နယ်တွင် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုး

ကျောက်ဆည် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု ညွှန့်ပင်ကျေးရွာတွင် ဂန္ဓာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

ဂန္ဓမာပန်းသည် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း၊ စသည့် မျိုးကွဲများစွာရှိပြီး မိမိတို့စိုက်ပျိုးလိုသည့် ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှ သွားရောက်ဝယ်ယူ၍ စိုက်ပျိုး ကြကြောင်း၊ ပန်းပျိုးပင်အမျိုးအစားအပေါ်မူတည်ပြီး ပျိုးပင်တစ်ပင်အား ငွေ(၁၀)ကျပ်မှ (၁၅)ကျပ်အထိ ဝယ်ယူစိုက်ပျိုးကြောင်း စိုက်ပျိုးပြီး()လအကြာတွင် ပန်းများစတင်ချိုးယူရောင်းချရကြောင်း၊ ရောင်းချရာတွင် ပန်းပွင့်အခိုင်(၃၅-၃၇)ခိုင် ပါဝင်သော ပန်းတစ်စည်းအား ငွေကျပ်(၃၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

ဂန္ဓမာပန်းများစိုက်ပျိုးရာတွင် ကိုင်းဖြာမှုကောင်းစေရန်နှင့် အပင်နှင့်အပွင့်သန်မာပြီး အရောင်အသွေးလှပစေရန်အတွက် ပန်းစိုက်ပျိုးမည့်မြေအား သဘာဝမြေဩဇာဖြစ်သည့် နွားချေးများနှင့်ပြုပြင်ပေးထားရပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားနှင့် မြေအမျိုးအစာကိုကြည့်ကာ မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊  ဂန္ဓာမာပန်း တစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ()သောင်းခန့် စိုက်ပျိုးနိုင်ပြီး ရေကြိုက်နှစ်သဖြင့် အစိုဓာတ်မပြတ် ရေသွင်းပေးရပြီး အပင်များအပေါ်တွင်ရေဖျန်းပေးနိုင်ပါက အပင်၏အညွှန့်ကိုင်းဖျားမှအောက်ခြေအထိ အရွက်များအမြဲစိမ်းလန်းကာ ရောင်းချရာတွင် လူကြိုက်များကြောင်း ဂန္ဓမာပန်းစိုက်ပျိုးရောင်းချအောင်မြင်သူတစ်ဦးမှ ပြောပြသည်။

သက်မောင်(ပြန်/ ဆက်)