မိုးမိတ်မြို့နယ်တွင်  ဝါဆိုလပြည့်ဓမ္မစကြာနေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ

မိုးမိတ် ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး  မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း  လမ်းတစ်လျောက်ကြွမြန်တော်မူကြရာ  စေတနာရှင် ၊အလှူရှင် မိဘပြည်သူများက ဆွမ်း၊ ဟင်းနှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

နှစ်စဉ် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့ ရောက်တိုင်း ဒေသခံပြည်သူများသည်  ဥပုဒ်သီးတင်း ဆောက်တည်ကြခြင်း၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့ကို  ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း သိရသည်။

မိုးမိတ်သား(ပြန်/ ဆက်)