ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ် ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား

မာန်အောင် သြဂုတ် ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကောင်းမှုဒါနပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ထို့နောက် ရန်အောင်မြင်ရပ်ကွက်ရှိ ရန်အောင်မြင်ဘုရား၊ ဓာတ်တော်စေတီ၊မြို့မရပ်ကွက်ရှိ မဟာထီးဘုရားစေတီ၊ ပုထိုးတို့တွင်လည်း ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဆွမ်း၊ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်းစသည့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်များ၌  မြို့ပေါ်ရပ်ကွက်အလိုက် ဓမ္မစကြာရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)