ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားစေတီကြီးများ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Aug 01,2023
စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင်ဆွမ်းဦးပုညရှင်မြတ်စွာဘုရာကြီးတွင် ဝါဆိုလပြည့်နေ့က အနယ်နယ်အရပ်ရပ်မှ ဘုရားဖုးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးသည် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်စေတီတော်များ၏ ဝါတွင်းကာလ ဘုရားစဉ် ပွဲတော်များတွင် ပထမဦးဆုံးကျင်းပခွင့်ရသည့် စေတီတော်မြတ်ကြီးဖြစ်ပြီးနှစ်စဉ်ဝါဆိုလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။