လားရှိုး ဩဂုတ် ၂
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ညဖြစ်သော ဓမ္မစကြာအခါတော်နေ့၊ နေ့ထူးနေ့မြတ်တွင် လားရှိုးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများနှင့် အနားယူအပန်းဖြေရာနေရာများတွင် ဘုရားဖူးမိဘပြည်သူများ၊ ဥပုသ်သီလဆောက်တည်ကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ဒုတိယဝါဆိုလပြည့်ည၌ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်နှင့် ဘုရားအနီးရှိ ပြည်သူ့ဥယျာဉ်တို့တွင် အလွန်စည်ကားခဲ့ပြီး မန်ဆူရှမ်းကျောင်းတွင်လည်း ဘုရားဖူးသူ၊ မီးအလှ ဝင်္ဂဘာလည်ပတ်သူ၊ မှန်ဝင်္ဂဘာသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
လပြည့်နေ့၊ နေ့ခင်းပိုင်းတွင်လည်း ဘုရားဖူးပြည်သူများသည် လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော်၊ ရှေးဟောင်း မန်ဆူဘုရား၊ မန်ဆူရှမ်းကျောင်း၊ မန်ဆူရှမ်းကျောင်းနှီးဘုရား၊ ကန်မိန်းကျောင်း၊ သာသနာ ၂၅၀၀ ဘုရား၊ ရေကန်တောင်ဘုရား၊ နဂါးရုံဘုရား၊ စိတ္တသုခဘုရား၊ ရန်အောင်မြင်ဘုရား၊ နမ့်မော်ဖာသာသနာ့ရိပ်သာနှင့် လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ ဘုရားကျောင်းကန်များတွင် ဘုရားဖူးသူများ၊ ဥပုသ်သီလဆောက်တည် ကြသူများဖြင့် စည်ကားခဲ့သည်။
အလားတူ အများပြည်သူများ အနားယူအပန်းဖြေရာနေရာများဖြစ်သည့် လားရှိုး လွတ်လပ်ရေးပန်းခြံ၊ ရန်တိုင်းအောင်ပြည်သူ့ဥယျာဉ်၊ Gold Luck Wter Boom တို့တွင်လည်း အနားယူအပန်းဖြေကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)