သရက်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၂၉ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ

သရက် ဩဂုတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ ဖြင့် ၁၃၈၅ခု နှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ(၇၇၄၉)အား ရာဇသတ်ကြီးကျင့်ထုံးဉပဒေ ပုဒ်မ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရာ  သရက်အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ(၁၂၉)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ရရှိသူများအား ယမန်နေ့မွန်းလွဲ(၂)နာရီက အကျဉ်းထောင်ဓမ္မာရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကတွေ့ဆုံ၍ ကောင်းမွန်စွာနေထိုင်ကြရန် ဆုံမစကားပြောကြားကာ အကျဉ်းသား(၁၁၉)ဦး၊ အကျဉ်းသူ(၁၀)ဦးတို့အား သက်ဆိုင်ရာ ကားဂိတ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သရက်(ခရိုင် ပြန်/ဆက်)