နတ်မောက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၃၃၈၁၉၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၁၅၇၈ ဧက၊ ပဲမျိုးစုံ ၄၄၀၅၆ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုံညှင်းစိုက်ပျိုးဧက ၂၂၆၅၇၁ ဧက၊ ချည်မျှင်ရှည်ဝါ ၁၁၀၃၆ ဧက၊ နှံစားပြောင်း ၂၅၄၀၈ ဧက၊ စားဖိုဆောင်သီးနှံပေါင်း ၉၁၉၇ ဧကနှင့် အခြားသီးနှံ ၂၀၃၅၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
အဆိုပါ မိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် စံပြကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးနိုင်ရန် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးနည်းပညာများကို လက်တွေ့ကွင်းဆင်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း