ပုဂံမြို့အတွင်း ဌာနပိုင်ထရံစဖော်မာများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်

ညောင်ဦး ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ ဌာနပိုင်ထရန်စဖော်မာများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးသန်းထိုက်ဦး ဦးဆောင်ကာ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဩဂုတ် ၂ ရက်၊ နံနက် ၈ နာရီအချိန်မှစတင်ကာ လျှပ်စစ်ဝန်ထမ်းများနှင့်သန့်ရှင်းရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်လျှက်ရှိရာ ပုဂံမြို့အတွင်းရှိ ဌာနပိုင်ထရန်စဖော်မာများ ဥပတိရုပ်ကောင်းမွန်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် ထရန်စဖော်မာဝင်း အတွင်းသန့်ရှင်းရေးအတွက် ဓာတ်တိုင်၊ ဓာတ်ကြိုးများပေါ် တက်နိုင်သည့် နွယ်ပင်များ၊ ဓာကြိုးများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများ၊ ပုဂံမြို့လယ်ထရန်စဖော်မာများ၊ ပုဂံမြို့ သစ်ဈေးအနီးရှိ ထရန်စဖော်မာများ သန့်ရှင်းရေးပြုလုပ်ခြင်းကို ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦးသန်းထိုက်ဦးနှင့်လျှပ်စစ်ဝန်ထမ်းများက သစ်ကိုင်းများခုတ်ခြင်း၊နွယ်မြက်၊သစ်နွယ်များ ခုတ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာများ ဥပတိရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း