လဲချား ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စပါးမျိုးကောင်းမျိုးသန့် ပိုမိုပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းဖြင့် ဝယ်ယူထားရှိသော စပါးမျိုးစေ့သန့်စင်စက် စမ်းသပ်လည်ပတ်မှုကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မျိုးစေ့သန့်စင်စက် စမ်းသပ်လည်ပတ်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ထိုမျိုးစေ့သန့်စင်စက်ကို ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းဖြင့် ဝယ်ယူထားရှိပြီး ၁ ရက်လျှင် (၅) တန်မှ (၁၀) တန် အထိ သန့်စင်နိုင်ပြီး တောင်သူများ မျိုးစေ့သန့်စင်မည်ဆိုပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးမှ ပြောကြားခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)