ဘီးလင်း သြဂုတ် ၂
၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မာစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၅၁/၂၀၂၃)အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဥ်းသား(၁၂)ဦးတို့အား ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့် ပြုပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလွတ်ငြိမ်းခွင့်ရရှိသော အကျဥ်းသားများအား ယမန်နေ့နေ့လယ် ၁ နာရီက တောင်စွန်း ကုန်ထုတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ရဲအောင်နှင့် တာဝန်ရှိသူများက တောင်စွန်းကုန်ထုတ်စခန်းရှိ ခန်းမ၌ တွေ့ဆုံကာ ဆုံးမသြဝါဒစကားများ ပြောကြား၍ ထောင်လွှတ်လတ်မှတ်နှင့် လမ်းစရိတ်၊ ထမင်းစရိတ်ငွေများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ၎င်းတို့ အား နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် တောင်စွန်းကုန်ထုတ်စခန်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ရဲအောင်နှင့်ဝန်ထမ်းများ၊ တောင်စွန်းနယ်မြေစခန်းမှူး ရဲအုပ် သန်းထိုက်၊ တောင်စွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုဦးနှင့် လွတ်ငြိမ်း သက်သာခွင့်ရ အကျဥ်းသား(၁၂)ဦး စုစုပေါင်း ( ၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်ဆက်)