ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချပေး

ညောင်ဦး ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ညောင်ဦးမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက် ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့ မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်း ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၆) ရက်ကွက်နေ ပြည်သူများအတွက် Mobile ကားဖြင့် လိုက်လံရောင်းချလျှက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျှက်ရှိရာ စားအုန်းဆီပိဿာချိန်  ၁၁၀၀ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးထံက သိရသည်။

ဒီပါလင်း